Tuesday, May 25, 2010

COMPUTER KNOWLEDGEMENT(3)

USB Drive တစ်ခုခုကို ဖြုတ်တဲ့အခါ Ejecting Problem ဖြစ်နေရင် ဘယ်လိုဖြုတ်မလဲ။

ကွန်ပြူတာအသုံးပြုသူအားလုံး ရင်ဆိုင်ရဖူးတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ USB Drive ကို Safely Remove Hardware Icon လေး နှိပ်ပြီး ဖြုတ်ပေမယ့် The Device ‘Generic Volume’ cannot be stopped right now. Try stopping the device again later. ဆိုတဲ့ Ejecting Problem message box တက်လာတတ်ပါတယ်။


အဲဒီလိုဖြစ်လာရင် USB Drive ထဲက Program တွေ၊ File တွေ Floder တွေ ဖွင့်ထားသလား Task Bar နဲ့ System Tray မှာ စစ်ကြည့်ပါ။ ဖွင့်ထားရင် ဖွင့်ထားတာတွေ အားလုံးကို ပြန်ပိတ်ပြီး USB Drive ကို ဖြုတ်ကြည့်ပါ။ မရသေးရင် USB Drive နဲ့ ဆက်နွယ်ခဲ့တဲ့ Program တွေဖွင့်ထားရင် ပိတ်ပြီး ပြန်ဖြုတ်ကြည့်ပါ။ ပြဿနာ တက်နေသေးရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။
ပထမနည်းလမ်းကတော့ Task Manager ကိုဖွင့်ပြီး ဖြေရှင်းပါမယ်။ Ctrl+Alt+Delete ကို နှိပ်ပါ။ Windows Vista မှာတော့ Start Task Manager ကို နှိပ်ပါ။ Processes Tab ကို နှိပ်ပါ။ Processes List ထဲမှာ USB Drive ကလို့ထင်ရတဲ့ Process တစ်ခုခုကို ရွေးချယ်ပါ။ End Process Tab ကို နှိပ်ပါ။ ပြီးရင် Safely Remove Hardware Icon ကို နှိပ်ပြီး ဖြုတ်ကြည့် ပါ။



အဲဒီလုပ်လို့မှမရရင် ခုနက Process ကို Right click နှိပ်ပြီး End Process Tree ကို နှိပ်ပါ။ USB Drive ကို ဖြုတ်ကြည့်ပါ။
ဒုတိယနည်းလမ်းကတော့ ကွန်ပြူတာကို Shut Down လုပ်ပြီး USB Drive ကို Remove လုပ်တဲ့နည်းပါပဲ။ ဒါပေမယ့် ဒီနည်းကတော့ Computer ကို Reboot လုပ်ရမှာမို့ အချိန်ကုန်ပါတယ်။
တကယ်လို့ အခု ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် နောက်နည်းလမ်းတစ်ခုကို သုံးပါမယ်။ USB Safely Remove Program ကို Download လုပ်ပြီး Install လုပ်ပါ။ အဲဒီ Program ဟာ System Tray ထဲက Safely Remove Hardware နေရာမှာ Icon တစ်ခုနေနဲ့ ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီ Program ကို သုံးပြီး ဘယ် Process တွေကြောင့် ဒီ ပြဿနာ ဖြစ်ရသလဲ ဆိုတာ သိနိုင်သလို၊ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Program မှာ အခြား Feature တွေလည်း ပါရှိသေးတယ်။ USB Drive တွေကို နာမည် ပြောင်းပြီး၊ Drive တစ်ခုစီကို ရပ်ဖို့ Hot-key တစ်ခုစီကို Set လုပ်ပြီး၊ Auto Run Option လေးတွေ လုပ်လို့ရတယ်။ တကယ်လို့ Program တွေ Auto loading လုပ်တာ မလိုလားရင် Run on Windows Startup Option ကို 0ff ထားပြီး၊ USB Safely Remove Program ကို လိုအပ်တဲ့ အချိန်မှာပဲ ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်မယ်။

(This article is dedicated to beginners only)
Ref: http://www.pcworld.com/ Safely Remove Software post in warez-bb




iPixsoft slide show creator

flash slideshow လုပ်တဲ့ software တစ်ခုပဲ။ အခြားခြားသော flash slide show maker တွေ အများကြီးရှိတဲ့အထဲက သူ့ကိုဘာလို့ သုံးသင့်လဲသိအောင် အားသာချက်တွေ ပြောပြပါ့မယ်။

၁။ file size သေးပြီး အသုံးပြုရတာလည်း ပေါ့ပါးပါတယ်။
၂။ ပုံတစ်ပုံနဲ့ တစ်ပုံကြား transforming ကို auto ထည့်ပေးလို့ slide show တစ်ခုလုပ်ဖို့ အရမ်းမြန်တယ်။
၃။ slide show ရဲ့ output ကို swf, html, executable (double click နှိပ်ယုံနဲ့ player မလိုပဲ open ပေးနိုင်တဲ့ဖိုင်), screen saver အပြင် email နဲ့ ပို့နိုင်အောင်ပါ ပြန်ထွက်ပေးထားတယ်။
၎။ slide show ရိုးရိုးမဟုတ်ပဲ play, pause, photo view, replay စတဲ့ခလုပ်တွေ အလိုလိုထည့်ပေးပါတယ်။

ကဲကြည့် … ဒါမျိုးပြည့်စုံတဲ့ slide show maker တွေ့ဘူးပြီလား။ ပြီးခဲ့တဲ့ Valentines’ Day တုန်းက ညီလေးတစ်ယောက်အတွက် ရှာပေးရင်းတွေ့ထားတာပါ။ အဲဒီထဲက ရေးဖို့အားယူရင်း မရေးဖြစ်တာ။ ဒီတိုင်းရေးရင်လည်း ရှာမရ ဒေါင်းမရ လို့ အော်ကြဦးမှာမို့ software ပါ တင်ပေးထားပါ့မယ်။ သုံးရတာအရမ်းလွယ်လို့ တော်ရုံလူဆိုရင်တောင် ကြည့်ရုံနဲ့ ဘယ်လိုသုံးလဲ သိမှာပါ။ ဒါပေမယ့် ကျနော်ခွံ့ကျွေးမှ စားမယ့်သူများအတွက်လည်း အသုံးပြုနည်းကိုပါ ရေးပေးလိုက်ပါ့မယ်။


iPixsoft slide show creator 1.8.6 +templates

ပထမဆုံး set up ဆိုတာကို run ပြီး application ကို install လုပ်ပါ။ ပြီးမှ template ကို ထပ် run ပေးလိုက်ပါ။ အလွယ်သုံး software တွေဖြစ်လို့ သဘောလောက်ပဲ ထပ်ပြောပြပါ့မယ်။
၁။ install လုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ အခုလို main menu ပေါ်လာမှာပါ။ New ဆိုတာကိုသာ နှိပ်လိုက်ပါ။

၂။ window box တစ်ခုပွင့်လာပြီး သုံးချင်တဲ့ ဓါတ်ပုံတွေ ရွေးခိုင်းပါလိမ့်မယ်။ အဲလိုမပေါ်ခဲ့ရင်လည်း ဘယ်ဘက်အပေါ်ဒေါင့်က မျဉ်းသားပြထားတဲ့ add ကိုနှိပ်ပါ။ မိမိသုံးချင်တဲ့ပုံတွေ ရွေးပြီး ၀ိုင်းပြထားတဲ့ Add ကိုနှိပ်ပါ။

၃။ ပုံတွေရောက်သွားပါပြီ။ ပုံမှာမြင်ရတဲ့အတိုင်း အောက်ခြေမှာ tab menu လေးခုရှိပါတယ်။ ပုံထည့်ပြီးတာနဲ့ photo ဆိုတဲ့ tab ထဲကိုရောက်သွားပြီပေါ့။ တစ်ပုံချင်းစီကိုထောက်ပြီး ညာဘက်က option တွေနဲ့ ပုံကို edit လုပ်လို့ရပါသေးတယ်။ မလုပ်ချင်လည်း ကျော်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်အတွက် နောက် tab တစ်ခုကို နှိပ်လိုက်ပါတယ်။

၎။ template ဆိုတဲ့ tab မှာ မိမိသုံးချင်တဲ့ ဒီဇိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဘေးပတ်လည် frame က အသေဖြစ်ပြီး player တစ်ခုထဲမှာ ဗီဒီယို ဖွင့်ပြသလိုမျိုး လုပ်ပေးမှာပါ။ အဲဒီတော့ slide show တစ်ခုလုံးအတွက် frame တစ်ခုပဲ ရွေးနိုင်မှာပါ။ template တစ်ခုရွေးပြီးရင် ညာဘက် option အပေါ်ဆုံးက Template config ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကိုနှိပ်ပြီး template ရဲ့ size တွေပြင်နိုင်တဲ့အပြင် play, forward စတဲ့ control buttons တွေ၊ photo view icon ထည့်မထည့်ဆိုတာလည်း ရွေးနိုင်ပါတယ်။ ၀ိုင်းပြထားတဲ့ Music ဆိုတာကိုနှိပ်ပြီး မိမိသုံးလိုတဲ့ သီချင်းကို ထည့်နိုင်ပါတယ်။ ပြီးရင်တော့ နောက် tab တစ်ခုကို သွားပါ့မယ်။

၅။ Decorate ဆိုတဲ့ tab မှာ ဒီ slide show အတွက် effect တွေ၊ အရုပ်လေးတွေ ထပ်ထည့်နိုင်ပါတယ်။
1. မိမိထည့်ချင်တဲ့ effect ကို slide show ထဲ drag လုပ်ပြီး ဆွဲထည့်ပေးပါ။ နေရာချပေးပါ။ သူ့အောက်မှာ ပေါ်လာမယ့် option တွေနဲ့ အဲဒီ effect တွေကို ထပ်ပြင်နိုင်ပါတယ်။
2. ပုံတစ်ပုံနဲ့ တစ်ပုံအကြား transform တွေက auto ထည့်ပေးထားပြီး ဖြစ်ပါတယ်။ မိမိဘာသာ ပြန်ပြောင်းချင်ရင် အဲဒီနေရာကို click ပြီး ကြိုက်တာတစ်ခုကို ရွေးပေးယုံပဲ။
3. အဖွင့် နဲ့ အဆုံး အတွက် စာသားတွေ ပြင်ဆင်ရေးသားနိုင်ပါတယ်။ (ရုပ်ရှင်ဇာတ်ကားတွေ စာတန်းထိုးသလိုပေါ့)

၆။ publish ဆိုတဲ့ နောက်ဆုံး tab ပါပဲ။ မိမိဘာဖိုင်အမျိုးအစားအနေနဲ့ လိုချင်တာလဲဆိုတာကိုပဲ ရွေးချယ်ပေးရမှာပါ။ swf ဆိုတဲ့ ရိုးရိုး flash movie type နဲ့ယူမှာလား၊ flash ဖိုင်ကို browser မှာပေါ်ဖို့ HTML နဲ့ရေးပြီးသားယူမလား၊ Executable ဆိုတဲ့ double click နှိပ်ယုံနဲ့ Player မလိုပဲ ပွင့်လာမယ့် .exe ဖိုင် အနေနဲ့ ယူမလား၊ screen saver အနေနဲ့ယူမလား (installer အနေနဲ့ လုပ်ပေးမှာဖြစ်ပါတယ်)၊ Email ကိုပဲ တိုက်ရိုက်ပို့ရမလား ဆိုတာကို ရွေးချယ်ပေးရုံပဲပေါ့။ setting မှာတော့ Template config တုန်းက အတိုင်းပဲ ဖြစ်ပါတယ်။

တကယ်လို့ အရမ်းကို မြန်မြန်ပြီးချင်တယ်၊ slide show ဖြစ်သွားယုံပဲ လိုချင်တာ ဆိုရင်တော့ အဆင့် ၂ အတိုင်း photo add ပြီးတာနဲ့ အဆင့် ၆ ဖြစ်တဲ့ publish tab ကို တန်းနှိပ်လိုက်ရုံပဲ။ ကဲ … ဒါဆို slide show တစ်ခုပြီးဖို့ ဘယ်လောက်ပဲ ကြာမယ်ထင်သလဲ။ အရမ်းသက်သာသွားတယ်ဆိုတာတော့ သေချာပါတယ်။ နောက်ပြီး သူပေးတဲ့ output file types တွေကလည်း အားရစရာပါပဲ။ ဒီ software ကို မကောင်းဘူးလို့ ငြင်းချင်သူများ ရှိမလား

READ MORE

READ BACK.......(4) linux and (5) how to do the internet connection more good

READ BACK.....KNOWLEDGE (1)

HOMEPAGE

No comments:

Post a Comment